Blockchain / 5G Network နှင့် Quantum Computer - ( Henry Aung )

avatar
(Edited)

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ဤ နည်းပညာ ဆောင်းပါးရေးသားရာတွင် ကျွန်တော်လေ့လာထားသလောက် နှင့် ကျွန်တော်သိသလောက် ဗဟုသုတ ဖြင့်သာ ဝေမျှပေးရခြင်း ဖြစ်သောကြောင့် လိုအပ်ချက်များ မှားယွင်းမှုများ ပါသွားလျင် ကျွန်တော်၏ အားနည်းချက် ကြောင့်သာ ဖြစ်ကြောင်းကြိုတင်ဝန်ခံအပ်ပါသည်။

ယနေ့ခေတ်၏ တိုးတက်လာသော နည်းပညာ အကြောင်းများ ပြောရလျင် အိမ်မက်ကမ္ဘာသို့ ရောက်ရှိနေသကဲ့သို့ပင်ခံစားရပါသည်။ လွန်ခဲ့သော ရက်အနည်းငယ်က Google အနေဖြင့် တွက်ချက်မှု အလွန်တိကျမြန်ဆန်သော Quantum Computer တီထွင် နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်ကို အားလုံး သိပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။

Quantum Computer ၏ တွက်ချက် မြန်ဆန်နှုန်းမှာ လက်ရှိ ကမ္ဘာ့ အမြန်ဆုံး အကောင်းဆုံး ကွန်ပြူတာ ( IBM company မှပိုင်ဆိုင်ထားသည်) အနှစ် တသောင်း ( 10,000 year ) တွက်ချက် အဖြေရှာရမည် ဖြစ်သော ပြသနာအား Google ၏ quantum computer က စက္ကန့် ၂၀၀ ဖြင့် အဖြေထုတ်နိုင်သည်ဟု ဆိုပါသည်။ ဤမျှ ကောင်းမွန်မြန်ဆန်သော quantum computer ဆိုသည်မှာ အဘယ်နည်းဟူသော အဖြေမရှာခင် ကျွန်တော်တို့၏ တိုးတက်ပြောင်းလည်းလာနေသော နည်းပညာများအား အရင်လေ့လာကြပါစို့။

01.jpg
Original Source

လွန်ခဲ့သော အနှစ် ၂၀ ခန့်တွင် တစုံတယောက်ကသင့်အား လက်တဝါးခန့်သာရှိသော ပစ္စည်းလေးဖြင့် မမြင်ရသော ၊ မည်သည့်နေရာတွင်ရှိမှန်း မသိသော ပိုက်ဆံအား ထုတ်ယူနိုင်လိမ့်မည်ဟု ပြောလာလျင် သင့်အနေဖြင့် ထိုသူအား ရူးနေသူဟု ယူဆပါလိမ့်မည်။ သို့သော် လက်ရှိအခြေအနေတွင် တကယ် ဖြစ်လာခဲ့ပြီ ဖြစ်ပါသည်။

လက်တဝါးခန့်သာ ရှိသော smart phone လေးဖြင့် ဘယ်ကရောက်လာမှန်း မသိသော cryptocurrency ဟူသော အရာများအား သင်ပိုင်ဆိုင်နေပြီ ဖြစ်ပါသည်။ ဤ နည်းပညာ ဟူသော အရာသည် တိုးတက်လာလေလေ နောက်ထပ် ပိုမိုတိုးတက်ရန် မြန်ဆန်လာလေလေပင် ဖြစ်ပါသည်။

ဤ နေရာတွင် ကျွန်တော်ကွန်ပြူတာလေ့လာကာစ အသုံးပြုခဲ့သော window 95 ထုထည် ကြီးမားသော မော်နီတာများအား ယခုအခြေအနေတွင် ပြတိုက်တွင်သာ တွေ့ရတော့မည် ဖြစ်ပါသည်။ ထို့အတူ ကျွန်တော် ပထမဆုံး သုံးခဲ့သော Nokia ဖုန်း အမျိုးအစားမှာ မည်သည့်နေရာမှ ရှာမရတော့ပါ။ ထို့အတူ 1 G မှ 4 G network အထိ တိုးတက်လာခဲ့သည်မှာ ဆယ်စု နှစ် တခုကျော်ခန့်သာ ကြာပါသည်။

02.jpg
Original Source

ယနေ့ခေတ် ကျွန်တော်တို့ အသုံးပြုနေကြသော computer internet နည်းပညာတို့မှာ မျက်လှည့်ပြလိုက်သကဲ့သို့ ပြောင်းလည်း မြန်ဆန်လျက်ရှိပါသည်။ Blockchain , ဤနည်းပညာ ပေါ်လာသည်မှာ ဆယ်စုနှစ် တခုခန့်သာ ရှိသေးသော်လည်း လက်ရှိ အချိန်တွင် ပေါက်ကွဲထွက်ရန် တာစူနေပါသည်။

ဤ blockchain နည်းပညာ တွင်ကျယ်လာသည် နှင့်အမျှ ကျွန်တော်တို့၏ ငွေရေးကြေးရေး အသုံးပြုမှု အခြားပုံစံတခုသို့ ပြောင်းလည်းလာမည် ဖြစ်ပါသည်။ တနည်းဆိုရလျင် ငွေးကြးဆိုင်ရာ အသုံးပြုမှု ခေတ်ပြောင်း တော်လှန်ရေး တခု အစပြုနေပြီ ဖြစ်ပါသည်။ ဤ နေရာတွင် Blockchain နည်းပညာအား ပိုမိုမြန်ဆန်သည့် Internet 5G ဖြင့် တွဲဖက်ပေးလိုက်လျင် ပေါက်ကွက်ထွက်လာမည် နည်းပညာ စွမ်းအား များအား ခန့်မှန်းကြည့်ပါ။

ဤ ပိုမိုကောင်းမွန်သော နည်းပညာများအား ကမ္ဘာ့ နိုင်ငံအသီးသီးရှိ အစိုးရများ ပညာရှင်များက ဒေါ်လာ ဘီလီယံဖြင့် ချီ၍ ရင်းနှီးမြုပ်နှံကာ စမ်းသပ်တီထွင်ကြံစနေကြပါသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာ အားသာသူတို့ လက်ဝါးကြီးအုပ်နိုင်သော အခွင့်အရေး ရှိနေသောကြောင့် ဖြစ်ပါသည်။ တရုတ် နှင့် အမေရိကန် တို့ 5G နည်းပညာ ယျှဉ်ပြိုင်မှုမှာ သဓက တခု ဖြစ်ပါသည်။

03.jpg
Original Source

အမေရိကန်အနေဖြင့် သူတို့ 5G နည်းပညာ ဦးစွာ ဖြန့်ချီနိုင်လျင် ဒေါ်လာ ဘီလီယံ ၅၀၀ ခန့် အမြတ်အစွန်းထွက်မည်ဟု သုတေသီ တို့က ခန့်မှန်းကြပါသည်။ သို့သော် လက်ရှိ 5G network မှာ တရုတ်သို့ လက်တွင် အဆင်သင့်ရှိနေပြီ ဖြစ်ပါသည်။ အခြားသော နိုင်ငံအသာထား စင်္ကပူ နိုင်ငံကတော့ 5G network အား ၂၀၂၀ တွင် စတင်အသုံးပြုမည် ဖြစ်ကြောင်း လွန်ခဲ့သော ရက်အနည်းငယ်က ထုတ်ဝေခဲ့သည့် Singapore Strait Time သတင်းစာတွင် ဖတ်ရှုခဲ့ရပါသည်။

နည်းပညာရှင်တို့ အနေဖြင့် တရုတ်လုပ်သည် အမေရိကန် လုပ်သည် နားမလည်ပါ။ ပိုမို ကောင်းမွန်သော နည်းပညာဖြင့် နောက်ထပ် ကောင်းမွန်သော နည်းပညာ ထပ်ထုတ်ရန် ၁၀ ဆ ၊ အဆ ၂၀ ၊ ၁၀၀ ၊ ၁၀၀၀ စသည်ဖြင့် ကွာခြား သွားသောကြောင့် ဖြစ်ပါသည်။ လက်ရှိ ကျွန်တော်တို့ အသုံးပြုနေသော 4 G network ထက် 5 G network က ၁၀ ဆပိုမို မြန်ဆန်ကောင်းမွန်သည် ဟု ဆိုကြပါသည်။

04.jpg
Original Source

ဤသို့ ဆိုလျင် 5 G network ပေါ်တွင် အခြေခံကြမည် ဖြစ်သော နောက်ထပ် နည်ပညာများအား စဉ်စားကြည့်ပါ။ လက်ရှိ ကျွန်တော်တို့ အသုံးပြုနေသော ကွန်ပြူတာ နှင့် Smart phone များ၏ လုပ်ဆောင်မှုအား ဆယ်ဆ မြန်ဆန်စေမည် ဖြစ်ပါသည်။ ဤ အခြေအနေမျိုးတွင် AI ခေါ်( Artificial Intelligences )ဟုခေါ်သော စက်ရုပ်များအား Quantum Computer ဦးနှောက်များ ထည့်ထားပေး၍ 5 G Network ဖြင့် တွဲပေးလိုက်လျင် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်အား စဉ်းစားကြည့်ပါ။

ဆက်လက်ဖေါ်ပြပေးပါမည်။

logo.png
Author : Henry Aung ( Kachin )
MSC : 001



0
0
0.000
4 comments
avatar

ဆန်းကျယ်လှသည့် နည်းပညာ မလိုက်ပါနိုင်သူ ကျန်ခဲ့မှာ
ကိုယ်တွေ မပါရအောင်လို့ ကိုဟင် လမ်းပြပါဗျို့

Posted using Partiko Android

0
0
0.000
avatar

ကိုဟင်လည်း စမ်းတဝါးဝါးပါဗျို့။

0
0
0.000
avatar

အတော်အမှီလိုက်ရမှာပါ နည်းပညာအံ့မခန်းချက်များက
မဖြစ်ဘူးဆိုတာကို ဖြစ်စေနိုင်တာပဲလေ

0
0
0.000
avatar

အမှီလိုက်တယ်ဆိုတာထက် နည်းပညာကို သိထားမှ အသုံးချခံ မဖြစ်မှာ... နောက်ဆောင်းပါးတွေမှာ အကျယ်တဝင့်ရေးပြပါ့မယ်။

0
0
0.000