Home Stay (Chapter 93)

avatar

IMG_4862-01.jpeg

ဗန်းဆင်ပြီး ထမင်းစား၏။ ထမင်းစားပြီးနောက် အမေ့ကို ဘုန်းကြီးကျောင်းသွားပို့ပေး၏။ လပြည့်နေ့ ဆိုတော့ အမေ တရားနာ၊ တရားထိုင် မည်ပေါ့။ သို့နှင့် ဘုန်းကြီးကျောင်းသွား၏။ ကံဆိုးချင်တော့ ဘုန်းကြီးကျောင်း ဝန်းတံခါးက သော့ခတ်ထား၏။ ခုထိ Lock down လုပ်ထားတုန်း ထင်၏။ သို့နှင့် အမေ့ကို အိမ်ပဲ ပြန်ပို့ရတော့၏။ ထို့နောက် remote ဝယ် ထွက်လာခဲ့တော့၏။ ထပ်ပြီး ကံဆိုး ပြန်၏။ လပြည့်နေ့ ဆိုတော့ ဆိုင်က ပိတ်၏။ ကောင်းရော။

ဒီနေ့အဖို့တော့ လိုင်း စစ်၊ စမ်းဖို့ မဖြစ်နိုင်တော့ပေ။ နောက်ရက်မှပဲ စမ်းရတော့မည်။ စလောင်းလေး ဆင်တာ နေ့ချင်းမပြီးဘဲ ရက်ကူးရပြီပေါ့။ နောက်နေ့ နံနက်ပိုင်းမှာ remote ဝယ်ပြီး လုပ်မည်တွေးထားပေမယ့် မလုပ်ဖြစ်ပေ။ ဈေးနေ့ဆိုတော့ အမကို ဈေးပို့ ပေးရပြန်၏။ နေ့လည် (၁) နာရီ ထိုးခါနီးမှပဲ ဈေးသုံးလို့ ပြီးတော့၏။ ဈေးသုံးရင်းနှင့် အမက သူ သိသည့် electronic ဆိုင်မှာ remote ဝယ်လိုက်၏။ (ကျနော်က ကျနော် ဝယ်နေကျ ဆိုင်မှာ ဝယ်ဖို့ တွေးထားသော်လည်း မမကြီးက ဝယ်ထည့်လိုက်ပြီ ဖြစ်၏။ ရှိစေတော့။ ကျနော် သက်သာတာပေါ့)

IMG_20200704_161758.jpg

အိမ်ရောက်တော့ နေ့လည်စာ မစားနိုင်သေး။ စလောင်းကို တခါ ဆင်ရပြန်၏။ ဒီတခါတော့ တခါတည်း နေရာချထားဖို့ ပြင်ဆင်ထား၏။ လိုင်းစမ်းရန် remote ကို ကိုင်လိုက်၏။ ခလုတ် နှိပ်ကြည့်၏။ info က မပေါ်ပေ။ မပေါ်ဆို ဓါတ်ခဲမှ မပါဘဲ။ သို့နှင့် အိမ်မှာ ရှိသည့် အခြား remote မှ ဓါတ်ခဲကို ထုတ်ပြီးမှ ထည့်စမ်းရ၏။ ခလုတ် နှိပ်၏၊ Info မပေါ်လာပေ။ info မှ မဟုတ် ဘာခလုတ်နှိပ်နှိပ် ဘာမှ မပေါ်ပေ။ ဒီအတိုင်းဆို remote က မရခြင်း ဖြစ်မည်။ ဆိုင်က သေချာ မလုပ်ပေးလိုက်ဘူး ထင်ပါရဲ့။ အမကတော့ ငါသေချာ ပြောဝယ်ခဲ့တာ၊ မရရင် စက်ပါယူူပြီး လာခဲ့လိုက်၊ စမ်းပေးမယ်။ အဲ့ဒါမှ မရရင် ပြန်လဲ ပေးမယ် ပြောသည် ဆို၏။

လဲပေးတာ မပေးတာထက်၊ ကိုယ်က နောက်တခါ ပြန်သွားရတော့မည်။ အစကတည်းက သေချာ လုပ်ပေးလိုက်လျှင် ပြန်သွားစရာ မလိုတော့ဘူး မလား။ အချိန်ကုန်လည်း သက်သာ ပေလိမ့်မည်။ ခုတော့ …။ ထမင်းမစားနိုင်သေးဘဲ remote လဲဖို့ တခါ ထပ်သွားရပြန်၏။ စက်ပါ တပါတည်း သယ်သွားရဦးမည်။ စက်က သေးသေးလေးမို့ တော်သေး၏။ တော်တော်ဆိုးတဲ့ ဆိုင်ရှင်။ ဆိုင်ရောက် remote မရဘူး ပြောတော့ စမ်းတောင် မစမ်းကြည့်တော့ဘဲ အနောက်ဆိုင် သွားလိုက် အကိုတဲ့။

သူ့နားမှာက လဲပေးဖို့ မကျန်တော့လို့ အနောက်ဆိုင်ကို သွားဖို့ ပြောခြင်း ဖြစ်၏။ သို့နှင့် ဆိုင်နေရာ မေးပြီး ထပ်သွားရပြန်၏။ အချိန်လည်း တော်တော်ကုန်သွား၏။ နောက်တလမ်းမှာ ရှိသည့် သူတို့ ဆိုင်ကိုရောက်တော့ မေးမြန်း ပြောဆိုပြီး အဆင်ပြေသွား၏။ သို့နှင့် အိမ်သို့ ပြန်လာခဲ့၏။

ဆက်ရန်

Don Jaun



0
0
0.000
0 comments