Home Stay (Chapter 74)

avatar

IMG_4862-01.jpg

ခုချိန်ထိတော့ miui 12 beta ကနေ မပြောင်း ဖြစ်သေးပေ။ custom တွေ ထပ်တွေ့ ပေမယ့်လည်း မချိန်း ဖြစ်သေးပေ။ လောလောဆယ် Miui 12 eu ကို တော်တော်လေး သဘောကျနေသေး၏။ eu rom က china rom နှင့် ဘာမှကို မဆိုင်ပေ။ တော်တော်လေးကို သုံးလို့ အဆင်ပြေ၏။ အဓိကက တရုတ် app တွေ၊ software တွေ၊ function တွေ မပါနေခြင်းက စိတ်ချမ်းသာစရာ ကောင်းလှ၏။ eu rom ကိုမှ ပြီးခဲ့သည့် ရက်ပိုင်းက weekly update လည်း ရာထားပြီး ပြီ ဖြစ်၏။ နောက်လထဲမှာတော့ beta အစား stable ရမည် ဆို၏။ အခြေအနေ ကြည့်ပြီး beta ကနေ stable ပြောင်းသင့်ရင်လည်း ပြောင်းမည် ဖြစ်၏။

မနေ့က custom rom တခု ထပ်တွေ့၏။ သိသည့်အတိုင်း Online မှ သူငယ်ချင်းက လှမ်းပြောခြင်း ဖြစ်၏။ Evolution X rom ဖြစ်၏။ သူလည်း pure android base rom ဖြစ်၏။ ယခင် ကျနော် တင်သုံးဖူးသည့် crdroid rom နှင့် အတော်လေးတော့ ဆင်တူ၏။ အချို့နေရာတွေတော့ မတူပေ။ ယခု Evolution X rom က gaming ပိုင်းနှင့် battery ပိုင်းမှာ ကောင်းသည် ဆို၏။ သိသိသာသာကြီးကို ကောင်းသည် ပြော၏။ You tube video တွေမှာတော့ ထိုသို့ ပြောထား၊ တင်ထားကြ၏။ ကျနော်က မသုံးဖူးသေးတော့ မသိသေးပေ။ စမ်းသုံးကြည့်တဲ့အခါ ပြောထားသလို ဟုတ် မဟုတ် သိနိုင်ပေမည်။

IMG_20200609_180200_579.jpg

Evolution က pixel ပုံစံနှင့် တူ၏။ pure android base pixel rom ကို modify လုပ်ထားခြင်း ဖြစ်၏။ custom rom ဆိုပေမယ့် crdroid rom တုန်းကလိုပဲ သူလည်း official update ပေး၏။ phone ၏ ota update ကနေပဲ update တင်လို့ ရ၏။ နောက်ပိုင်း custom rom တွေကလည်း အဆင့်မြင့်လို့ လာခဲ့ပြီ ဖြစ်၏။ phone company တွေ၏ build in official rom တွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိလို့ လာခဲ့ပြီ ဖြစ်၏။ ပုခုံးခြင်းတောင် ယှဉ်နိုင်နေပြီ ဖြစ်၏။ တချို့ custom rom တွေ ဆို official rom တွေ ထက်တောင် ပိုပြီး ကောင်း၊ ပိုပြီး မိုက်နေသေး၏။

တချိန်ချိန်မှာ သုံးဖို့ custom rom အမျိုးအစားတွေကို လိုက်ကြည့်ထားရပေဦးမည်။ ဘယ်တခု က ဘယ်တခုထက် ပိုကောင်းပြီး ပို အသုံးဝင်သည်ကို ခုကတည်းက လေ့လာထားရမည်။ သို့မှ တင်လို့သည့်အခါ တခါတည်း download ချပြီး တင်လိုက်ရုံပင်။ တင်ဖြစ်ခဲ့လျှင်တော့ လက်ရှိ သဘောကျနေမိသည့် evolution x rom တင် ဖြစ်မည် ထင်၏။ သူ့ rom size ကလည်း သေးတော့ မသေးပေ။ 1.5 GB လောက် ရှိ၏။ miui ကို ပျင်းလာသည့်နေ့ custom rom ဖက်သို့ ပြန်လှည့်ပါဦးမည်။

Don Jaun



0
0
0.000
0 comments