Home Stay (Chapter 72)

avatar

IMG_4862-01.jpg

ကျနော့်မှာ လတ်တလော ပြဿနာ တခု ကြုံနေရ၏။ တိတိကျကျ ပြောရလျှင် ကျနော့်မှာ ကြုံရခြင်း မဟုတ်ဘဲ၊ ကျနော့် အမတွေမှာ ကြုံခြင်း ဖြစ်၏။ သို့ပေမယ့် သူတို့ အဆင်မပြေမှုကလည်း ကျနော့် အဆင်မပြေမှု အဖြစ်သို့ ပြောင်းသွားရတော့၏။ အခြားတော့ မဟုတ် အမတွေက နယ်မှာဆိုတော့ ညည သူတို့ သား၊ သမီးတွေကို video call လှမ်းခေါ်လေ့ ရှိ၏။ ကိုယ်တွေ ငယ်ငယ်တုန်းကဆိုလျှင်တော့ Phone လောက်ပဲ ပြောလို့ ရ၏။ ဒါတောင် ကြိုးဖုန်း။ ပြီး အိမ်တိုင်းမှာ မရှိပေ။ ရှိသည့်နေရာ၊ ရှိသည့် အိမ်ကနေ တဆင့် ပြောရ၏။

နည်းပညာ တိုးတက်လာမှုနှင့်အတူ ခုတော့ တယောက်မျက်နှာ တယောက် မြင်ရပြီး စကားတွေ ပြော၊ အလွမ်းတွေ ဖြေလို့ ရပြီ ဖြစ်၏။ သူတို့ အသုံးများသည့် video call က messenger ဖြစ်၏။ app က အဆင်ပြေ၏။ မပြေတာက ကျနော့် အမေတွေ ဖြစ်၏။ တူတော်မောင်၊ တူမတော်တို့က စကား ကောင်းကောင်း မပြောကြတော့ ထို messenger က sticker များ၊ theme များကို ထိုင်ကလိတော့၏။ စကား မပြောဘဲ နေသည်တော့ မဟုတ် ပြောတာ နည်းနည်း ကစားတာက များများပေါ့။ အမေတွေက သူတို့၏ ပကတိ မျက်နှာလေးကို မြင်ချင်တယ်။ ဆရာသမားတွေက ဟိုမျက်နှာပြောင်း ဒီမျက်နှာ ပြောင်းနှင့် ကစားနေတော့ အဆင်မပြေတော့ပေ။

Screenshot_2020-06-16-17-31-21-443_com.android.vending.jpg

ယခင် စစချင်း ပြောကြတုန်းက သိပ်မဆော့ကြပေမယ့် နောက်ပိုင်းမှာတော့ ဆော့ချည်း ဆော့နေတော့၏။ သူတို့ အမေတွေက စကားကောင်းကောင်း မပြောရတော့ စိတ်တွေဆိုးနှင့် လုံးခြာလည် လိုက်လို့်နေတော့၏။ တလောက ကျနော့် phone firmware update error ကြောင့် Laptop ကနေပဲ video call ပြောရ၏။ ထိုစဉ်တုန်းကတော့ ကောင်းကောင်း ပြောကြ၏။ Laptop messenger မှာက ဆော့ကစားစရာ တွေ မပါနေ၊ မရှိနေဘူးကိုး။ phone ပြန်အဆင်ပြေသွားတော့ ဆရာသမားတွေ ပြန်ကစား၊ ကလိကြတော့၏။

သို့နှင့် အဆင်ပြေအောင် ကျနော့်မှာ app တွေ ရှာရတော့၏။ google meet သုံးကြည့်၏။ အဆင်မပြေနေ။ ကျနော်တို့က meeting လုပ်မှာမှ မဟုတ်ဘဲ။ Google duo ကြပြန်တော့လည်း messenger လိုပဲ sticker တွေ ကစားစရာတွေ ပါနေပြန်၏။ သို့နှင့် ထပ်ရှာ ရပြန်၏။ viber app ကြပြန်တော့ video quality လျော့၏။ သိပ်သဘောမကျနေပေ။ Zoom app ကြပြန်တော့ Google meeting နှင့် သိပ်မကွာဘူး ထင်၏။ သို့နှင့် ရှာရင်း ဖွေရင်း whatsapp ကို သွားတွေ့၏။ ကျနော့် ဖက်ကတော့ down ထားပြီးပြီ အမတွေဖက်ကို လှမ်းပြောပြီး စမ်းကြည့်ရပေဦးမည်။ အဆင်ပြေဖို့တော့ မျှော်လင့်ထား၏။

Don Jaun



0
0
0.000
3 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You published more than 950 posts. Your next target is to reach 1000 posts.

You can view your badges on your board And compare to others on the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

Whatsapp is very popular in singapore. They seldom use Viber. From management level to workers they communicate with whatsapp. Also, able to form chat group and voice message.

0
0
0.000
avatar

Yeah
I think whatsapp is more popular than viber in global.

0
0
0.000