Home Stay (Chapter 70)

avatar

IMG_4862-01.jpg

Miui 12 weekly update 11 ရက်နေ့က ထပ်ပေး၏။ ယခင် ကျနော်တင်ထားသည်က 4 ရက်နေ့ rom ဖြစ်၏။ သိသိသာသာကြီး ပြောင်းလဲသွားသည်မျိုး မဟုတ်ပေမယ့် အခြားသော၊ အချို့သော ပြောင်းလဲမှုနှင့် error တွေကို fix ထားပေး၏။ beta အဆင့်မှာတော့ bug တွေ error တွေ အနည်းနှင့်အများတော့ ရှိနေဦးမှာပင် ဖြစ်၏။ animation နှင့် performance ပိုင်းမှာတော့ ပိုပြီး သွက်လက်လို့ လာခဲ့၏။ အချို့ feature တွေ အသစ် ထပ်ပါလာ၏။ အချို့ feature တွေကတော့ Phone တိုင်းမှာ မရပေ။ model အမြင့် phone တွေမှာပဲ ရမည် ဖြစ်၏။

ကျနော်က magisk နှင့် root လုပ်ထားပေမယ့် ota update ရ၏။ ထိုအချက်က magisk ၏ အားသာချက် ဖြစ်၏။ ota ကနေ update တော့ လုပ်လို့ရမည်။ သို့ပေမယ့် root တော့ ပျောက်သွားမည်။ data တွေ မပျက်ပေ။ update rom size က မသေးပေ။ 2.2 GB လောက် ရှိ၏။ phone ၏ internal updater ကနေပဲ firmware ကို download လုပ်၏။ မရပေ။ တော်တော်လေး ကြာနေ၏။ download percent လည်း တက်မလာပေ။ သို့နှင့် အပြင် link ကနေပဲ down ဖို့ လုပ်ရပေလိမ့်မည်။

Screenshot_2020-06-14-17-17-14-366_pl.zdunex25.updater.jpg

အပြင် laptop ကနေ down ပြီး updater ကနေ update file ရွေးပေးလျှင်လည်း ရ၏။ recovery mode ထဲ ရောက်သွားပြီး သူ့သူ update တင်သွားပေလိမ့်မည်။ ကျနော်က custom recovery သွင်းထားသဖြင့် အဆိုပါ custom recovery ကနေပဲ update တင်သွားပေလိမ့်မည်။ update file က တော်တော်လေး down ယူလိုက်ရ၏။ ဒီနေ့မှ internet line ကလည်း ဘာဖြစ်နေသည် မသိပေ။ ကျလိုက် တက်လိုက် အတော်ဖြစ်၏။ အချိန်အတော်ကြာပေးပြီး down လိုက်ရ၏။

Firmware file ကို sd card ထဲ ထည့်ရမည့် အစား Internal storage ထဲ ထည့်မိပြန်၏။ (ကျနော့် internal storage က recovery မှာ နာမည် အမှန် မပြပေ။ ဘာ error ကြောင့်ရယ် မသိပေ။ sd card မှာတော့ ပြပေး၏။ သို့နှင့် တခါ ထပ်ကူးပြီး sd card ထဲ ထည့်ရပြန်၏။ firmware တင်ပြီးသွားတော့ magisk တခါ ပြန်သွင်းရပြန်၏။ အားလုံးပြီးသွား၏။ အဆင်ပြေပြေနှင့် ပြီးသွားလို့ တော်သေး၏။ ကျနော်က firmware တင်တိုင်း တခုမဟုတ် တခု ဖြစ်တတ်လွန်းသောကြောင့် ဖြစ်၏။ ယခုတောင် firmware တင်တာက ဘာမှ မဖြစ်ပေမယ့် download လုပ်နေတုန်းက အလုပ်ရှုပ်သွားရ၊ အလုပ်ပိုရသေးသည် မဟုတ်လား။ ကဲ weekly update လေးနှင့် ဆက်လန်းလိုက်ပါဦးမည်။

Don Jaun



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You have been a buzzy bee and published a post every day of the week

You can view your badges on your board And compare to others on the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support the HiveBuzz project. Vote for our proposal!
0
0
0.000