Home Stay (Chapter 68)

avatar

IMG_4862-01.jpg

Firmware တင်ပြီးသွားတော့ လိုအပ်တာ လုပ်စရာ ရှိတာတွေ လုပ်ပေါ့။ အဓိကက mobile legend game အရင်ဆုံး သွင်းရ၏။ ထို့နောက် အခြား လိုအပ်သည့် app များ install လုပ်ခြင်း၊ download ဆွဲခြင်းများ ပြုလုပ်ရ၏။ miui 10, 11 နှင့် မတူသည့် miui 12 ကို မြည်းစမ်းကြည့်ရပေလိမ့်ဦးမည်။ သူတို့ မိတ်ဆက်ခဲ့သည့်အတိုင်းပင် Miui 12 က အရင်ထွက်ခဲ့သည့် Miui တွေနှင့် ဘာမှကို မဆိုင်၊ မတူနေပေ။ တော်တော်လေး ကောင်းမွန်လာခဲ့၏။ animation ပိုင်းက တော်တော်လေးကို လှပ၏။ သွက်လည်း သွက်၏။ Performance ပိုင်းက လုံး၀ ပြောစရာ မရှိလောက်အောင် ကောင်းမွန်၏။

အခြား ကောင်းမွန်သည့် အချက်က ကျနော်က eu rom သုံးခြင်း ဖြစ်သဖြင့် google နှင့် ပတ်သက်သည့် feature တွေ အကုန်ရ၏၊ ကောင်းမွန်စွာလည်း အလုပ်လုပ်၏။ ဒီတချက်က တော်တော်လေး အဆင်ပြေလှ၏။ တရုတ်စာနှင့် software, app တွေ မမြင်ရတာ တခုထဲနှင့်ကို အတော်လေး စိတ်ချမ်းသာနေရပြီ ဖြစ်၏။ ယခင် သုံးခဲ့သည့် crdroid rom ကို တောင် နည်းနည်း မေ့ချင်ချင် ဖြစ်သွားခဲ့၏။ miui account နှင့် ပြန်ချိတ်လိုက်တော့ contact တွေ၊ note တွေ၊ phone call list တွေပါ ပြန်ပေါ်လာ၏။ mi cloud ထဲ ရောက်နေသည့် အချို့ ဓါတ်ပုံတွေတောင် သူ့သူ download တွေ ချနေ၏။ ပြန်သွားပိတ်လိုက်ရသေး၏။

IMG_20200609_180200_579.jpg

miui နှင့် ပြန်အသားကျဖို့တော့ နည်းနည်း အချိန်ပြန်ပေးရဦးမည်။ သိပ်တော့ ပေးစရာ မလိုလောက်ပေ။ ယခင်က သုံးထားခဲ့ဖူးသည်ကိုး။ miui 12 ကတော့ တော်တော်လေးကို သိသာ၏။ တော်တော်လေးကို ကြိုက်မိ၏။ သူ့မှာပါသည့် game turbo က တော်တော်လေး မိုက်၏။ ဂိမ်းဆော့နေချိန်မှာ အဆင်ပြေအောင် လုပ်ဆောင်ပေး၏။ phone call တို့ message တို့ကို noti အနေဖြင့်သာ ပြပေး၏။ ကိုယ်ကြည့်ချင်မှ ကြည့်၊ ကိုယ်ကိုက်ချင်မှ ကိုင်ပေါ့။ phone ကိုင်လိုက်လျှင်လည်း ဂိမ်းထဲက မထွက်သွားပေ။ ဂိမ်းဆော့နေရင်း ကိုင်လို့ ပြောလို့ ရ၏။ wifi နှင့် ဆော့နေတုန်း phone လာသည်ဆိုလျှင်တာ့ မထစ်သွားဘဲ ဆက်ဆော့လို့ ရ၏။

mobile data နှင့် ဆော့နေချိန် Phone လာက နည်းနည်းတော့ လေးသွား၏။ အကြာကြီး ပြောလို့တော့ မရပေ။ 5G စနစ် အသက်ဝင်သွားလျှင်တော့ ထိုသို့ မဖြစ်တော့ပေ။ 5G စနစ်မှာ ဂိမ်းပိုဆော့လို့ ကောင်းလာမည် ပြောထား၏။ ဟုတ်မဟုတ်ကတော့ 5G စနစ် ကိုယ်တွေဆီမှာ အသက်ဝင်လာမှပဲ စမ်းကြည့်ရပေဦးမည်။ လောလောဆော့တော့ 4G တောင် နပ်မမှန်ချင်ပေ။ 5G စနစ်က ကြာဦးပေမည်။ လောလောဆယ်တော့ Miui 12 နှင့် ဆက်လန်းလိုက်ပါဦးမည်။ ပြီးမှပဲ ဆက်ပြောကြတာပေါ့။

Don Jaun



0
0
0.000
1 comments
avatar

ဥဒွန် home stay ပြီးသေးဘူးလားဂျ

0
0
0.000