Home Stay (Chapter 255)

avatar

FB_IMG_1599214068459.jpg

Wifi error က ခုထိ ရှင်းလို့ မရသေးပေ။ တနည်းမရ တနည်းရဆိုပြီး လိုက်လုပ်ကြည့်နေတာ နည်းတွေတောင် အတော်လည်း များလာခဲ့ပြီဖြစ်၏။ လောလောဆယ်တော့ အဆင် မပြေသေးပေ။ ကိုယ့်ဒုက္ခနှင့် ကိုယ်ပေါ့။ online မှာ ရှာဖွေတွေ့ရှုမှုအရ ကျနော့် စက်အမျိုးအစား (acer) တွေမှာ wifi error တက်တာ ပိုများ၏။ ဘဝတူ acer သမားတွေ တင်ပေးထားသည့် solutions အတိုင်း လိုက်လုပ် သော်လည်း ခုထိတော့ အဆင်မပြေသေးပေ။ No wifi adapter found ဆိုသည့် စာနှင့်ပုံကိုတောင် ကောင်းကောင်းကြီး မှတ်မိ အလွတ်ရနေပြီ။

စိတ်တွေ ရှုပ်လာပေမယ့် ရရမည် ဆိုသည့် စိတ်နှင့် မရ ရအောင် လုပ်နေမိ၏။ ဒီရက်ပိုင်း ubuntu နှင့် အချိန် ကုန်နေတော့၏။ တလောတုန်းက chrome os နဲ့ပေါ့။ chrome os နဲ့ ubuntu မှာ ubuntu ကို ပိုသဘောကျ၏။ လောလောဆယ် wifi မရသေးပေမယ့် performance နှင့် speed ပိုင်းမှာတော့ ubuntu က အတော်လေး သာ၏။ နောက်တချက်က ကိုယ့်ကို customize လုပ်လို့ရသည့် အချက်ပင်။ ထိုအချက်က အတောအလေး မိုက်၏။ mac os ပုံစံ အတိုင်း theme, font, icon အကုန် ချိန်းပစ်လို့ရ၏။ Youtube video တွေကတော့ အများကြီး ဖြစ်၏။ beginner သမား ကျနော့်အတွက်တော့ အကုန်လုံး နီးပါး လေ့လာစရာတွေပင်။

IMG_20201227_172407.jpg

Linux os က open source ဖြစ်၏။ မိမိ စိတ်ကြိုက် မိမိ ကိုယ်တိုင် ဖန်တီးလို့ရ၏။ ထို့ကြောင့် error တခုခု ဖြစ်ရင်လည်း ကိုယ်တိုင် ရအောင်ရှင်းပဲ။ ကိုယ်ဖြစ် ကိုယ်ခံ၊ ကိုယ်လုပ် ကိုယ်ရှင်းပဲပေါ့။ tutorial video တွေကလည်း တခုနှင့် တခု မတူကြပေ။ installation guide တွေက တယောက်နှင့် တယောက် မတူနေပေ။ သို့နှင့် တယောက်ပြောသလို လုပ်ကြည့် မရ၊ အဆင်မပြေက နောက်တယောက် ပြောသည့် နည်းနှင့် လုပ်ကြည့် ဟုတ်တော့ ဟုတ်နေ၏။ အင်း wifi (fiber) လေး ရှိနေလို့သာ တော်တော့၏။ မရသည့် အဆုံး ရန်ကုန်က သူငယ်ချင်းတွေကို လှမ်းမေးရ၏။ သူတို့လည်း အကြံပေးကြပါ၏။ ဒါပေမယ့် အဆင် မပြေသေးပေ။

သို့နှင့် မရရကောင်းလားဆိုပြီး os နောက်တခေါက် ပြန်တင်ကြည့်၏။ ဒီတခါ internet မကျွေးဘဲ တင်ကြည့်၏။ ဘာမှ မထူး wifi မရတာက မရတာပင်။ သူငယ်ချင်းကတော့ ပြော၏။ wifi နှင့် ပတ်သက်သည့် command lines တွေ ရှာကြည့် ရိုက်ကြည့်ပါလားတဲ့။ ကျနော်လည်း ရှာကြည့် ရိုက်ကြည့် စမ်းကြည့်ပါ၏။ ခုထိတော့ မရသေးပေ။ windows ကများ ကျနော့်ကို ကျိန်စာ တိုက်နေသည်လား မသိပေ။ သူ့ကို မသုံးတော့ဘူး ဆိုလို့ အဆင်မပြေပါစေနဲ့ဆိုပြီးတော့များ ဆုတောင်းနေလေ သလား။ အဖြေကတော့ ရှိလိမ့်မည်။ ကိုယ့်တာဝန်က ရှာဖို့ စမ်းကြည့်ဖို့ပဲ မဟုတ်လား။ တနည်းနည်းနှင့်တော့ အဆင်ပြေမည်မှာ အသေအချာပင်။ chrome os တုန်းကလည်း ထိုနည်း၎င်း ပဲကိုး။

နည်းလမ်းပေါင်းများစွာထဲကမှ တခုက ကျနော့် ပြဿနာကို ဖြေရှင်းပေး နိုင်ခဲ့၏။ ခုလည်း အဆင်ပြေသွား လိမ့်မည်ကို သိ၏။ ဒါပေမယ့် နည်းလမ်း မတွေ့သေးတာက အတော်ဆိုး၏။ အဆင်ပြေသည့် နည်းလမ်းပေါ့။ ကဲ ဆက်ရှာ လိုက်ပါဦးမည်။

Don Jaun



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You have been a buzzy bee and published a post every day of the week

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @hivebuzz:

Offer a gift to your friends for Christmas
HiveFest⁵ feedback and contest results
0
0
0.000