Home Stay (Chapter 253)

avatar

FB_IMG_1599214068459.jpg

မနေ့က မဖွင့်တာ ကြာပြီ ဖြစ်သည့် laptop ကို ဖွင့်ဖြစ်။ Chrome logo လေး boot တက်လာပြီး update (checking update) နားမှာ တော်တော်ကြာနေ၏။ update file check နေတာလား ဒါမှမဟုတ် download ပဲ ဆွဲနေတာလား မသဲကွဲပေ။ သို့နှင့် အချိန် တော်တော်ကြာလေး ထားပြီး စောင့်ပေးလိုက်၏။ နာရီဝက်လောက် ကြာသွားပေမယ့် ဘာမှ မထူးလာပေ။ checking update မှာပဲ ရပ်နေတော့၏။ အင်း chrome os နှင့် ကျနော်တော့ တွေ့ပြီ ထင်၏။ သူ့ကို မဖွင့်တာ ကြာလို့ပဲ စိတ်ကောက်နေလေ သလော။ မချော့တတ်သည့် ကျနော်နှင့်တော့ ခက်ပြီ။

သွင်းပြီး ကတည်းက ကောင်းကောင်း မသုံးရသေးသည့် chrome os ကို အနည်းငယ်တော့ စိတ်ပျက်ချင်ချင် ဖြစ်လာနေပြီ ဖြစ်၏။ ဒီအတိုင်းဆို အခြား os တခုခု ပြောင်းသုံးကြည့်မှပဲဟု စဥ်းစားနေမိ၏။ windows os ကိုတော့ ပြန်မသုံးချင်တော့ပေ desktop မှာ windows 10 ရှိနေပြီးပြီကိုး။ တလောက prime os စမ်းသုံးကြည့်သေး၏။ Android os ဖြစ်၏။ laptop or desktop ကို phone တလုံးကဲ့သို့ အသုံးပြုနိုင်မည် ဖြစ်၏။ စမ်းသုံးကြည့်တော့ ဆိုးတော့ မဆိုးပေ၊ ဒါပေမယ့် သိပ်တော့ သဘောမကျပေ။ သို့နှင့် သူ့ကို ပြန်ဖြုတ်ပြီး chromium os သွင်း ထိုကနေ chrome ကို update လုပ် သုံးခြင်း ဖြစ်၏။ ဒါပေမယ့် ခု chrome os က အဆင်မပြေနေပေ။ အစောပိုင်းသုံးလို့ ရနေတုန်းကလည်း သိပ် ချောချောမွေ့မွေ့တော့ မဟုတ်ပေ။

IMG_20201225_150108.jpg

စိတ်တိုင်းမကျသည့် အချက်တချက်က battery မခံခြင်း ဖြစ်၏။ ယခင် windows မှာတုန်းက မေ့လောက်အောင် အားခံခဲ့ပေမယ့် ယခု chrome os မှာတော့ ထိုသို့ မဟုတ်နေပေ။ ထိုအချက်က တကယ့်ကို သဘောမကျချင်စရာ ဖြစ်နေတော့၏။ သို့နှင့် windows အစား ဘယ် os သွင်းလျှင် ကောင်းမည်နည်း လိုက်ရှာတော့ ubuntu ကို သွားတွေ့၏။ ပြောရလျှင် ကျနော်က ubuntu အကြောင်းကို ဘာမှ ကောင်းကောင်း မသိသေးပေ။ ubuntu ကောင်းတယ် ဆိုတာလောက်ပဲ သိ၏။ ဘာတွေ ကောင်းတာလဲ ဆိုတာတော့ မသိသေးပေ။ သို့နှင့် ဘာတွေကောင်းလဲ သိရအောင် ubuntu ကို စမ်းပြီး သွင်းကြည့်ဖို့သာ ရှိတော့၏။

Ubuntu အကြောင်း လိုက်ရှာ ဖတ်ရတော့၏။ ကံကောင်းတာ တခုက မြန်မာမှာလည်း ubuntu ကို သုံးနေသူတွေ ရှိ၏။ (အတော်လေးများ၏) facebook group လည်းရှိ၏။ Chrome os တုန်းက ထိုသို့ မဟုတ်ပေ။ facebook မှာ ရိုက်ရှာတော့ chrome os နှင့် ပတ်သက်တာ ဆိုလို့ cloud ready os ကိုသာ မြန်မာလို တင်ထားသည့် video လေး ၂ ခုလောက် တွေ့၏။ ခု ubuntu myanmar facebook group က အတော်လေးလည်း လူများ၏။ လူများတော့ ပွဲစည်တာပေါ့။ error တခုခု ဖြစ်လျှင် အကူအညီ တောင်းဖို့ မေးဖို့ မြန်းဖို့ မပူရတော့ပေ။ လိုအပ်သည့် os file ကို ညကတည်းက down ထားလိုက်၏။ တင်တာတော့ နက်ဖြန်မှ တင်တော့မည်။ os တခုခု တင်တိုင်း နောက်ဆက်တွဲ error တွေ ပါပါ လာတတ်သဖြင့် ကိုယ့် အကြောင်း ကိုယ်သိပြီ။ အိပ်ပျက် မခံတော့ပေ။

Tutorial video လေးတွေကို လိုက်လံ ကြည့်ရှုပြီး ဆောင်ရန် ရှောင်ရန်များကို လေ့လာတာလောက် လုပ်ပြီး အိပ်တော့မည်။ နက်ဖြန်မှ ubuntu တာပေါ့ဗျာ။

Don Jaun



0
0
0.000
1 comments
avatar

နည်: ပညာပိုင်းတွေက လေ့လာသင့်တဲ့အရာပါ

0
0
0.000