Home Stay (Chapter 249)

avatar

FB_IMG_1599214068459.jpg

Chrome os က တင်ပြီး ကတည်းက laptop ကို ထပ် မဖွင့် ဖြစ်တော့ပေ။ ဆန်းတော့ အဆန်း။ windows os လည်း ပြန် မတင် ဖြစ်ပေ။ ရလဒ်ကတော့ ခု ပိုစ့်တင်ဖို့ phone နှင့် စာရိုက်နေရတာ တပတ်လောက် ရှိတော့မည်။ အဆင်ပြေလား ဆိုတော့ ပြေတယ်လည်း မဟုတ် မပြေဘူးလည်း မဟုတ်ဟု ပြောရမည်ထင်။ phone နှင့် စာရိုက်ရတာကို တကယ် စာရိုက်နေတာပါလို့ ခံစားလို့ မရနေခြင်း ဖြစ်၏။ ပြောရလျှင် စာအုပ် နှင့် ebook ဖတ်သည့် အရသာ မတူသလိုပေါ့။ စာက ဒီစာ ဒီအကြောင်းအရာချင်း တူပေမယ့် ခံစားရသည့် ပြန်ရသည့် အရသာက မတူပေ။

စာအုပ်ကို လက်နှင့်ကိုင်ပြီး စာရွက်လေးကို တရွက်ပြီး တရွက် လှန်ဖတ်ရသည့် အရသာမျိုးက ebook မှာ မရနိုင်ပေ။ bbook မရနိုင်သည့် အခါမျိုးမှာ ebook ကို အောင့်အီးဖတ်ရပေမယ့် စိတ်အာသာပြေမှုမှာတော့ ကျေနပ်စရာ သိပ်မရှိလှပေ။ ယခုလည်း ထိုအတိုင်းပင်။ laptop က key ကွက်လေးတွေကို မိမိလက်နှင့် တတောက်တောက်လေး ရိုက်ရခြင်းက စာရိုက်ခြင်း၏ အနှစ်ဟုပင် ပြောရမလိုပင်။ အနှီ မိမိလက်နှင့် key ကွက်လေးတွေ ထိမိရာမှ ထွက်လာသည့် အသံလေးက ငါ စာရိုက်နေပါလားဆိုပြီး စိတ်ကို ကျေနပ် စေ၏၊ ပျော်ရွှင် စေ၏၊ ကြည်နူး စေ၏။ phone မှာက ထိုသို့ မဟုတ်ပေ။

Screenshot_2020-12-21-16-50-25-030_com.miui.notes.jpg

Typing sound ဖွင့်ထားပြီး ရိုက်လေဟု ကတ်သပ် ပြောလို့ ရပေမယ့် မတူပြန်ပေ။ အသံသာ ထွက်လာတာ လက်ချောင်း၏ ခံစားမှု အာရုံက ထူးထူးခြားခြား ပြောင်းလဲ သွားသည်၊ ခံစားမိသွားသည်ဆိုပြီးမှ မရှိဘဲ။ laptop မှာက လက် ၂ ဖက်လုံးမှာ ရှိသည့် လက်ချောင်း အားလုံး နီးပါးကို သုံးပြီး စာရိုက်ရ၏။ phone မှာကြတော့ လက် တဖက်ထဲ အတိအကျ ပြောရလျှင် လက်ညှိုးတချောင်းထဲနှင့် စာရိုက်ရ၏။ လက်တွေ အားလုံး ညီတူ မလှုပ်ရှားရတော့ပေ။ လက်ညှိုး တချောင်းထဲကသာ အလုပ်တွေ အားလုံး နီးပါး လုပ်ဆောင်သွားခဲ့၏။

အရသာပိုင်းမှာ laptop က သာပေမယ့် အလုပ်တွင်မှု (လုပ်ဆောင်မှု) ပိုင်းမှာတော့ phone က သာ၏။ laptop မှာက ချက်ချင်း စာရိုက်လို့ မရပေ။ စက်ကို ပါဝါဖွင့် ခဏစောင့် ပြီး word ထဲဝင်ပြီး ရိုက်ရ၏။ phone မှာက ဘာမှ ထွေထွေထူးထူး ထပ်ဖွင့်စရာ စောင့်နေစရာမလိုဘဲ note ထဲဝင်ပြီး တန်း ရိုက်လိုက်ရုံပင်။

ထို့ပြင် phone မှာက စာလုံး အကုန် ရိုက်နေစရာ မလိုပေ။ မိမိ အရိုက်များသည့် စာလုံး တော်တော်များများကို သူက မှတ်ထားပေး သဖြင့် ကိုယ်က အစ စာလုံးလေးလောက် ရိုက်လိုက်ရုံနှင့် သူက သက်ဆိုင်ရာ (ရိုက်ခဲ့ဖူးသည့်) စာလုံး အတွဲတွေကို ဖော်ပြပေး၏။ ထိုအထဲကမှ ကိုယ်အဆင်ပြေသည့် ကိုယ့် လက်ရှိ ဝါကျ စုဖွဲ့ပုံနှင့် စီလျော်သည့် စကားစု စာလုံးအတွဲကို ရွေးပေးလိုက်ရုံပင်။ ခုတော့ laptop ကို ကလိကောင်းလိုက်တာ Phone နှင့်သာ စာရိုက်နေရပြီ ဖြစ်၏။ နောက်ပိုင်း window ပြန်တင် ဖြစ်မှ ဒါမှမဟုတ် ကျနော် unicode ကို ကောင်းကောင်း ရိုက်နိုင်မှပဲ laptop သို့မဟုတ် pc နှင့် စာရိုက်ပါတော့မည်။

Don Jaun



0
0
0.000
0 comments