Home Stay (Chapter 246)

avatar

FB_IMG_1599214068459.jpg

Wifi မရတော့ ethernet ကြိုးနှင့်ပဲ သုံးနေရ၏။ ထိုအချက်က သဘောမကျချင်စရာပင်။ လောလောဆယ်မှာ ကိစ္စ မရှိပေမယ့် ရေရှည်မှာတော့ အဆင်မပြေဘူး။ solution လိုက်ရှာ ကြည့်၏။ မတွေ့ပေ။ command တွေလည်း လိုက်ရှာကြည့်၏။ မတွေ့ပေ။ တရုတ်က ထုတ်သည့် Fyde os မှာတုန်းကလည်း ခုလို ဖြစ်သေး၏။ Fyde မှာတုန်းကလည်း ethernet ကြိုးနှင့်သာ သုံးရ၏။ ဆန်းတာ တခုက စက်မှာ built in ပါသည့် wifi က အလုပ် မဖြစ်ဘဲ ပြင်ပ usb port ကနေ ထိုးထားသည့် wifi stick နှင့်ကြတော့ ရနေပြန်ရော။ မည်သို့ ပြောရမှန်း မသိတော့ပေ။

လောလောဆယ် သုံးကြည့်ပြီး အဆင်မပြေလျှင်တော့ os ပြန်ချိန်း ရပေလိမ့်မယ်။ အင်း ဒီအတိုင်းဆို windows ဖက်ပဲ ပြန်လှည့်ရတော့မည် ထင်၏။ ဒါပေမယ့် os တခုတော့ ရှိသေး၏။ chromium os ဖြစ်၏။ chrome တို့ Fyde တို့ ၏ မူလ အခြေခံ os ဖြစ်၏။ Android phone တွေလို ပြောရလျှင် chromium os က pure form ပေါ့။ အစာပလာတွေ ထပ်ဖြည့်လိုက်ခြင်းဖြင့် chrome တို့ Fyde တို့ ဖြစ်သွားခြင်း ဖြစ်၏။ chromium os မှာတော့ play store မပါ၊ Android support မပေးပေ။ ထိုအချက်ကို သဘော မကျပေမယ့် လောလောဆယ် စမ်းသပ်ဖို့က အဆိုပါ os သာ ကျန်တော့၏။ သို့နှင့် အနီ chromium os ကို download ဆွဲ usb image file ပြောင်းပြီး သွင်းဖို့ ပြင်ရတော့၏။

IMG_20201214_142915.jpg

သူက Fyde တို့ chrome တို့လို installation setup မခက်ပေ။ နည်းနည်း ပိုလွယ်၏။ file size လည်း ငယ်၏။ installation time (ကြာချိန်) လည်း မြန်၏။ chrome os ထက်လည်း ပိုပေါ့၏။ Android support မပေးတာ၊ Playstore မရတာက လွဲလျှင် အဆင်ပြေ၏။ ဒါပေမယ့် ကိုယ်ကလည်း Android လို သုံးချင်သေး၏။ ထို့ကြောင့် နည်းလမ်း ဆက်ရှာ ကြည့်ရပြန်၏။ chromium os မှာ Playstore သွင်းလို့ရမလား ရှာကြည့်၏။ မရ၊ မတွေ့ပေ။ ဒါဆို chromium os ကနေ chrome os ကို upgrade လုပ်လို့ရမလား ရှာကြည့်တော့ တခုသွားတွေ့၏။ အောက်က comments အနည်းငယ်ကို ဖတ်ကြည့်တော့ မရဘူးဟု ပြောထားကြ၏။ သူ့နည်းလမ်းက သိပ်အခက်ကြီး မဟုတ်ပေ။ command lines လေး 2 ကြောင်းလောက် run လိုက်ရုံနှင့် အဆင်ပြေသွားမည် ပြောထား၏။ အချိန်တော့ ဆောင့်ပေးရပေမည်။

ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်ရုံပေါ့။ အစပိုင်း command အပြင် နောက်ဆုံး command (update installation) အထိ အလုပ်ဖြစ်၏။ ဒါပေမယ့် အဲ့နေရာမှာ ကြာနေ ရပ်နေ၏။ သူက စောင့်ဖို့ မှာထားတော့ စောင့်ပေး ကြည့်လိုက်၏။ သိပ်တော့ မဟုတ်သေးပေ။ စက်ထဲက နာရီကို လှမ်းကြည့်တော့ အပြင်က နာရီ နှင့် အချိန် မတူသည်ကို သွားတွေ့၏။ လက်စသတ်တော့ စက်က ရပ်သွားသည်ကိုး။ အဲ့ကြောင့် battery လည်း မလျော့သွားပါလား၊ အား ခံလှချည်လား တွေးနေတာ။ သို့နှင့် power သာ ထိုးပိတ်လိုက်ပြီး ပြန်ဖွင့်ကြည့်၏။ chrome os မပြောင်းသွားပေ။ (ပြောင်းလို့ ရသွားလျှင် boot တက်သည့်အခါမှာ chromium လို့ စာတန်း မထိုးဘဲ chrome ဝု စာတန်းထိုး၏။) ယခုက chrome လို့ မပြောင်း chromium လို့လည်း မပေါ်ပေ။ boot ကို မတက်လာတော့ပေ။

Don Jaun



0
0
0.000
1 comments
avatar

ကိုဒွန်တစ်ယောက် computer နဲ့ အလုပ်တွေ ရှုပ်နေပေါ့။

0
0
0.000