ဉာဏ်ရည်တု(AI)နဲ့ လူ့လောက

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

အသုပ်စုံလိုဖြစ်နေတဲ့ ကျွန်တော့်စာတွေကို ဖတ်ရတာ အစုံသုပ်စားရသလို ဘာကို အရသာခံရမှန်းမသိ ဖြစ်နေနိုင်ပါတယ်။ ဖတ်တဲ့သူတော့ သိပ်ရှိမယ်မထင်ပါ။ အခုလည်း စိတ်ကူးနဲ့တည့်ရာ ရေးခိင်တာရေးမှာပဲထြစ်တော့ သည်းခံပြီးသာဖတ်ကြ‌ပါ။ အခုလို နည်းပညာခေတ်ကြီးထဲမှာ ခေတ်စားလာတဲ့ လူအများစိတ်ဝင်စားလာတဲ့ နည်းပညာတစ်ခုကတော့ ဉာဏ်ရည်တု AI(ARTIFICAL INTELLIGENCE)ဆိုတာပဲဖြစ်ပါတယ်။



အဲဒီဉာဏ်ရည်တုဟာဆိုရင် ကွန်ပျူတာသိပ္ပံပညာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အခုလက်ရှိကျွန်‌တော် မြင်တွေ့ထူးတဲ့ ဉာဏ်ရည်တု(AI)ကတော့ ဖုန်းကင်ရာမှာပါတဲ့ ဉာဏ်ရည်တု(AI)ရယ်၊ Chat Bot ဆိုတာရယ်ပဲဖြစ်ပါတယ်။ ဒီထက်ပိုတဲ့နေရာတွေမှာ စက်ပစ္စည်းတွေမှာထည့်ပြီး အသုံးပြုနေကြပြီလို့ သိရပါတယ်။ ဒီထက်ပိုတဲ့နေရာတွေမှာ အသုံးပြုတာတွေရှိနေမှာအမှန်ပါပ။ အဲဒီ AI အကြောင်းကိုလည်း ဒီထက်ပိုပြီးတော့ သိချင်ပါသေးတယ်။

အနာဂတ် နည်းပညာလောကမှာသာမက လူ့လောကကြီးကိုပါ လွှမ်းမိုးချုပ်ကိုင်သွားနိုင်လောက်တဲ့ အနေအထားကို ညွှန်းနေကြပါပြီ။ အနာဂတ်ကာလမှာ လူတွေဘေးရောက်ပြီး နေရာအနှံ့မှာ အသိဉာဏ်တုက လွှမ်းမိုးလာမယ့်အနေအထားလို့ ထင်ရပါတယ်။ လူတွေလုပ်တဲ့အလုပ်တွေမှာ AI ပါတဲ့အရာတွေက အစားထိုးဝင်ရောက်လာတဲ့အခါ လူအများစု အလုပ်လက်မဲ့တွေဖြစ်လာဖွယ်ရှိပါတယ်။ လူတွေကိုတောင် AI က လွှမ်းမိုးချုပ်ကိုင်သွားလေမလားတော့မသိနိုင်ပါ။

အဲဒီ ဉာဏ်ရည်တု(AI) ကြောင့် လူမှုပတ်ဝန်းကျင်မှာ ပြောင်းလဲမှုတွေဖြစ်လာမှာတော့အမှန်ပဲလို့ ယုံကြည်မိပါတယ်။ လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးတွေဖြစ်ထွန်းစေနိုင်သလို အခြားတစ်ဖက်မှာလည်း ဆိုးကျိုးတွေလည်း သေချာပေါက်ဖြစ်လာမှာအမှန်ပါ။ ဒီတော့ ဒီဉာဏ်ရည်တု(AI)ကွန်ပျူတာနည်းပညာကို မှန်ကန်တဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေတွေကို တိတိကျကျ ချမှတ်နိုင်ပါမှ ဖြစ်ပါလိမ့်မယ်။ အဉာဏ်ရည်တု(AI)ကြောင့် လူ့အသိုင်းအဝိုင်း လူ့ပတ်ဝန်းကျင် "အနုတ်လက္ခဏာ" မပြဖို့ကိုတော့ တတ်နိုင်ဖို့လွယ်ကူမယ် မဟုတ်ပါဘူး။ မကောင်းတဲ့နေရာတွေမှာ သေချာပေါက် အသုံးချကြမှာ အမှန်ပါပဲ။ ဒီထက်ပိုပြီးရေးနိုင်ဖို့ စာများများဖတ်ရပါအုံးမယ်။

သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
17 comments
avatar

နည်းပညာတွေ ထွန်းကားလာတာကောင်းပါတယ်။
မကောင်းတာကိုတော့ စည်းကမ်းနဲ့ တားမြစ်ရမှာပါ။
ဥပမာ Steemit နဲ့ Hive Copy ကို ထိန်းချုပ်သလိုပေါ့။
!PIZZA

!LUV

!LOL

!PGM

0
0
0.000